ezStay blog

အတွေ့အကြုံ အသစ်တွေနဲ့ စောင့်ကြိုနေမယ့် ကလော မာရသွန်ပြိုင်ပွဲ

06 Sep 2017

My World Kalaw Trail Run 


Trekking ဆိုတာကတော့ ခု လူတိုင်းတော်တော်များများသိဖူး ကြားဖူးနေကြပြီပေါ့။ ခု အတွေ့အကြုံအသစ်တွေကိုမှ စမ်းသပ်ချင်သူတွေအတွက် စိတ်ဝင်စားစရာ ၊ စိတ်လှုပ်ရှားစရာ ၊ အတွေ့အကြုံ အသစ်တွေပါ တခါတည်း ရမယ့် ပွဲလေးအကြောင်း သတင်းပေးချင်လို့ပါ။ အဲ့ဒါကတော့ ကလောမြို့မှာ ကျင်းပတဲ့ My World Kalaw Trail Run ဆိုတဲ့ ပြိုင်ပွဲလေးပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲလေးကတော့ တခြား marathon ပြိုင် ပွဲတွေနဲ့မတူပဲ ကလောမြို့ တောင်ကုန်း ၊ တောင်တန်းတွေ ၊ သစ်တောတွေ ၊ လယ်ကွင်းတွေ ကြားကနေ ပြေးရမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ( ၂ ) မျိုးကျင်းပပါတယ်။ My World Kalaw Half Marathon ( 21.1)km မိုင် နဲ့ဆို ၁၃ မိုင် လောက်ရှိတဲ့ပြိုင်ပွဲနဲ့ ၊ ( 12 ) km Trail မိုင်အားဖြင့် (၇) မိုင်လောက်ရှိတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာဆိုရင် မနှစ်က စတင်ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ ပြိုင်ပွဲဝင်ပေါင်း ရာကျော်ပါ၀င်ဆင်နွှဲခဲ့ပါတယ်။ Runners တွေ ၊ နောက်လူကြီး လူငယ်တွေ အကုန်လုံးသွက်လက်ဖျတ်လတ်ကာ အမြဲတမ်းတက်ကြွပြီး အတွေ့အကြုံအသစ်တွေကို ခံစားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ " My World Organization " က ကြီးမှူးကျင်းပပေးတာဖြစ်ပါတယ်။ အဓိက ပြိုင်ပွဲ ဆိုတာထက် အတွေ့အကြုံ အသစ်တွေကို ခံစားစေချင်တဲ့ သဘောပါ။  တောင်ကုန်းပေါ်တွေ တောအုပ်တွေ ကြားက ပြေးရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို ခံစားလိုတဲ့ အတွက် ပြေးခုန်ပစ်သမားတွေ ၊ အားကစား သမားတွေကစ ပါ၀င်ဆင်နွှဲကြတာဖြစ်ပါတယ်။ Runners တွေအချင်းချင်း ဖေးမလိုက်ကြ ၊ စောင့်လိုက်ကြ ၊နားလိုက်ကြ ၊ စကြ နောက်ကြနဲ့ စမှတ်ကို ပြန်ရောက်သွားတဲ့ အချိန်မှာတော့ " Mission Complete " ဆိုပြီး အပျော်တွေနဲ့ ပင်ပန်းထားတာတွေ မေ့ပျောက်ပြီး အော်ကြ ဟစ်ကြတာ အင်မတန် ပျော်ရွှင်စရာကောင်းတဲ့ ပွဲလည်း ဖြစ်ပါတယ်။


ပြိုင်ပွဲပြီးသွားတာနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ တိုးလာရုံသာမက စိတ်ဓာတ်ခိုင်မာလာစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း တိုးလာစေမှာ အမှန်ပါ။  အဲ့တော့ ယုံကြည်မှုရှိရှိနဲ့ အတွေ့အကြုံအသစ်တွေကို ခံစားချင်တဲ့ သူတွေ အတွက် အထူးသင့်တော်တဲ့ ပွဲပဲဖြစ်ပါတယ်။ 

ပြိုင်ပွဲက ဒီဇင်ဘာလ ( ၁၀ ) ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေက ခု Register တွေ လုပ်လို့ရနေပါပြီ။ My World Kalaw Half Marathon က November လ ၃၀ ရက်နေ့မှာ စာရင်းပိတ်မှာဖြစ်ပြီး ( 12 ) km Trail ပြိုင်ပွဲကတော့ December 8 ရက်နေ့မှာ စာရင်းပိတ်မှာ ဖြစ်ပါတယ်။ ခု September 30 မတိုင်ခင် စာရင်းသွင်းသူတွေကိုတော့ Early Bird Discount တွေ ပေးနေပြီဆိုတော့ အတွေ့အကြုံ အသစ်တွေကိုမှ ခံစားလိုသူတွေ အတွက် မြန်မြန် စာရင်းပေးလိုက်ကြတော့နော်။