ezStay blog

အာရှနာမည်ကြီး နည်းပညာသတင်းဌာန e27 က ရေးသားထားသော Ezstay အကြောင်း

29 Aug 2017

စီးပွားရေး ပြန်လည်တည်ထောင်မှုနှင့် အမေရိကန်နိုင်ငံမှ ပိတ်ဆို့မှုများ ပယ်ဖျက်ပြီးနောက်တွင် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုသည် လျှင်မြန်စွာ တိုးတက်ပြီး နိုင်ငံအတွက် အလားအလာကောင်းများ ဖြစ်လာသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်လည်ပတ်မှုသည် ၇၅၀,၀၀၀ ( ၇ သိန်းခွဲ ) မှ ၄,၅၀၀,၀၀၀ ( ၄ သန်းခွဲ ) အထိ မြင့်တက်လာသည်။

မြန်မာ့စီးပွားရေး အလှည့်အပြောင်းသည် ပြည်တွင်းခရီးသွားလုပ်ငန်းကိုလည်း များစွာတိုးတက်လာစေသည်။ ၂၀၁၅ ခုနှစ် တစ်ခုတည်းမှာပင် ပြည်တွင်းခရီးသွား ၂.၄ သန်းက မြန်မာကျပ်ငွေ ၇၃၃.၃ ဘီလီယံ ( အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ) အထိ သုံးစွဲခဲ့ကြသည်။ ခရီးသွားရာသီဖြစ်သည့် စက်တင်ဘာလ ၂၀၁၅ မှ ဧပြီလ ၂၀၁၆ အတွင်း ပြည်တွင်းခရီးသွား အရေအတွက် ၆ သန်းအထိ ရှိလာခဲ့သည်။

နာမည်ကြီး ဟိုတယ်ဘိုကင် ဝက်ဆိုက်များဖြစ်ကြသည့် Agoda, Expedia နှင့် Booking.com များသည် မြန်မာနိုင်ငံမြို့ကြီး အတော်များများကို ဘိုကင်တင်နိုင်ရန် ဝန်ဆောင်မှုပေးနေသည်။ တစ်ချို့ကလည်း Airbnb ကဲ့သို့သော အိမ်ရှင်များနှင့်အတူ တည်းခိုမှုပုံစံသို့ ပြောင်းလဲလာကြသည်။ သို့သော် ထိုလုပ်ငန်းများသည် ဥပဒေအရ တရားမဝင်သည့်အတွက် ပြစ်ဒဏ်များကျခံနိုင်ခြေလည်း ရှိပြန်သည်။

ထိုလုပ်ငန်းများအတွက် အဓိကပြဿနာကလည်း ပြည်တွင်းခရီးသွားများထက် ငွေကြေးပိုမိုသုံးစွဲနိုင်သော နိုင်ငံတကာခရီးသွားများကို ရည်ရွယ်ရန် အဆင်မပြေဖြစ်ပြန်သည်။ ထို့အပြင်ပြည်တွင်းခရီးသွားများသည် ဈေးချိုသောဟိုတယ်များတွင် တည်းခိုနိုင်ရန်အတွက် ခေတ်မီနည်းပညာများနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။

ထိုပြဿနာများသည် ပြည်တွင်းခရီးသွားများ အဓိကရင်ဆိုင်နေရသော ပြဿနာများဖြစ်သည်ဟု မြန်မာနိုင်ငံ အခြေစိုက် ဟိုတယ်ဘိုကင်ဝက်ဆိုက် EzStay ၏ ပူးပေါင်းတည်ထောင်သူဖြစ်သော အောင်ဖြိုးလွင်က ပြောခဲ့သည်။

မြန်မာနိုင်ငံက ဟိုတယ်တွေမှာ ပြည်တွင်းဈေး၊ နိုင်ငံခြားသားဈေးဆိုပြီး နှစ်မျိုးရှိပါတယ်။ အများသောအားဖြင့် နိုင်ငံခြားသားဈေးက ပြည်တွင်းဈေးထက် ပိုများလေ့ရှိပါတယ်။ နိုင်ငံတကာ ခရီးသွားကုမ္ပဏီတွေက နိုင်ငံခြားသားဈေးနဲ့ပဲရတဲ့အတွက် ပြည်တွင်းခရီးသွားတွေအတွက် အဆင်မပြေဖြစ်နေပါတယ်။

ဟု အောင်ဖြိုးလွင်က ပြောခဲ့သည်။

ခရီးသွားတွေက မြို့ထဲမှာ ကားပတ်မောင်းပြီး သင့်တင့်တဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ လိုအပ်သော အခန်းအရေအတွက်ရှိတဲ့ ဟိုတယ်ကို လိုက်ရှာရတယ်။  အဲဒါဟာ တော်တော် အချိန်ုကုန်၊ လူပင်ပန်းပြီး၊ စိတ်ညစ်စရာ ကောင်းပါတယ်။

ဟု အောင်ဖြိုးလွင်က ဆက်လက်ပြောခဲ့သည်။

အဲဒီလိုမျိုး ပြဿနာတွေက မြန်မာနိုင်ငံ အခြေစိုက် ပြည်တွင်းဈေးကွက်ကို အဓိကထားသော ဟိုတယ်ဘိုကင်ဝက်ဆိုက်တစ်ခု တည်ထောင်ရန် အောင်ဖြိုးလွင်အတွက် တွန်းအားများ ဖြစ်လာခဲ့သည်။ အောင်ဖြိုးလွင်က သူ့ဝက်ဆိုက်သည် ဈေးချိုပြီး ကိုယ်တိုင်ဈေးကွက်ချဲ့ထွင်ရန် အားနည်းနေသော ဟိုတယ် မိုတယ် တည်းခိုခန်းများကို ရည်ရွယ်သည်ဟု ပြောခဲ့သည်။

EzStay သည် အခြားခရီးသွား ဝန်ဆောင်မှုများ ဖြစ်သည့် လေဆိပ်ကြိုပို့ခြင်း၊ ကားစင်းလုံးငြားခြင်း တို့ကိုလည်း ဝန်ဆောင်မှုပေးသည်။ ထိုဝန်ဆောင်မှုများသည် လက်ရှိအချိန်တွင်တော့ နည်းပညာပိုင်း အသုံးပြုမှုနည်းပါးနေသေးသည်။ အသုံးပြုသူများသည် ထိုဝန်ဆောင်မှုများရယူရန် EzStay ၏ ဝန်ဆောင်မှု ဝန်ထမ်းများကို ဖုန်းခေါ်နေရသေးသည်။

EzStay ဝက်ဆိုက်ကို လောလောဆယ်တွင် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အသုံးပြုနိုင်သည်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပြင်ဦးလွင် အစရှိသည့် မြို့များမှ စုစုပေါင်း ဟိုတယ်အရည်အတွက် ၁၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ ထိုဟိုတယ်ဈေးနှုန်းများသည် အမေရိကန်ဒေါ်လာ ၈ ဒေါ်လာမှ ၈၀ ဒေါ်လာအထိ ရှိသည်။

အောင်ဖြိုးလွင်က "လက်ရှိအချိန်တွင် တစ်လအသုံးပြုသူအရေအတွက် ၁၀၀၀၀ ကျော်ရှိသည်။ ဆက်လက်ပြီး နှစ်မကုန်ခင် ဟိုတယ်ပေါင်း ၅၀၀ ကျော် ထပ်မံထည့်သွင်းပြီး မိုဘိုင်း ဆော့ဝဲများ ထုတ်ဝေနိုင်ရန် ရည်ရွယ်ထားသည်။" ဟု ပြောခဲ့သည်။ ဝင်ငွေ၊ထွက်ငွေ အသေးစိတ်ကိုတော့ ပြောကြားခြင်းမရှိခဲ့ပါ။

အောင်ဖြိုးလွင်သည် ဈေးကွက်ကို လေ့လာရန်နှင့် EzStay ကို တည်ထောင်ရန် နှစ်အနည်းငယ် အသုံးချခဲ့သည်။ အရင်က ရေကြောင်းတက္ကသိုယ်မှ ဘွဲ့ရပြီးနောက် သူငယ်ချင်းများဖြင့် သမားရိုးကျ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းလုပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများတွင် ပိုမိုလွယ်ကူစေရန် နည်းပညာ အကူအညီများ လိုအပ်နေသည်ကို သိမြင်ပြီး၊ အကြံဥာဏ်အမျိုးမျိုး စဥ်းစား စုဆောင်းနေခဲ့သည်။

အရင်က လေယာဥ်လက်မှတ်ဝယ်တဲ့ မိုဘိုင်းဆော့ဝဲတစ်ခု လုပ်ဖို့ စဥ်းစားခဲ့သေးတယ်။ တကယ်တမ်းတော့ နည်းပညာမသိသေးတာရယ်၊ စွန့်ဦးတီထွင်တဲ့နယ်ပယ်ထဲက လူတွေနဲ့ မသိတာတွေရယ်ကြောင့် ဖြစ်မလာခဲ့ပါဘူး။

ဟု ဆက်ပြောခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ဖန်တီးရာက ပြုလုပ်တဲ့ စွန့်ဦးတီထွင်မှု ပြိုင်ပွဲအကြောင်း ကြားသိလာခဲ့သည်။ 

အဲဒီ့အချိန်တုန်းကတော့ စွန့်ဦးတီထွင်မှုဆိုတာ ဘာမှန်းမသိခဲ့ဘူး။ ဒီလိုပဲ စာရင်းသွင်းလိုက်တယ်၊ ပြီးတော့ ပူးပေါင်းတည်ထောင်သူ ဖြစ်လာမယ့် ကိုလွင်ထူးကို (EzStay ၏ စီတီအို) နဲ့ တွေ့တယ်။ RarHub လို့ခေါ်တဲ့ အိမ်အငှား ကြော်ငြာနဲ့  အခန်းဖေါ်တွဲဖက်ပေးတဲ့ ဝက်ဆိုက်နဲ့ ပြိုင်ပွဲဝင်ဖြစ်တယ်။ အဲဒီ့ပြိုင်ပွဲမှာ Honourable Mention ဆု ရခဲ့ပါတယ်။

ဟု ပြောသည်။

EzStay ရဲ့ ပထမ မော်ဒယ်က Airbnb လိုမျိုးလုပ်ဖို့  ဖြစ်သော်လည်း၊ နိုင်ငံခြားသားများ မြန်မာလူမျိုးအိမ်တွင်တည်းခိုမှုက အစိုးရ ဥပဒေများဖြင့် မကိုက်ညီတာကြောင့် နောက်ဆုံး လက်ရှိမော်ဒယ်ဖြစ်တဲ့ ဈေးချိုတဲ့ ဟိုတယ်ဘိုကင် ဝက်ဆိုက်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

EzStay ရဲ့ လက်ရှိအခြေအနေက အောင်ဖြိုးလွင်ရဲ့ ခရီးသွားလုပ်ငန်း ၃ နှစ် လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဖန်တီးရာ စွန့်ဦးတီထွင်မှု မြှင့်တင်ရေး ပရိုဂရမ်မှာ ပြုလုပ်ခဲ့ရတဲ့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် သုံးသပ်လုပ်ဆောင်မှုမှ ရခဲ့တဲ့ ရလာဒ်ကောင်းတွေပဲ ဖြစ်ပါတယ်။

EzStay က လက်ရှိမှာတော့ Seed Funding ( ရင်းနှီးမြှုပ်နှံမှု တစ်မျိုး ) ကို ရှာဖွေ နေပါတယ်။ အောင်ဖြိုးလွင်က EzStay ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရဲ့ ဦးဆောင်တဲ့ One Stop ခရီးသွားဝန်ဆောင်မှု အဖြစ် ရည်ရွယ်နေပါတယ်။

ပထမအဆင့် အနေနဲ့ သယ်ယူပို့ဆောင်ရေး လက်မှတ်များကို ဝက်ဆိုက်မှတဆင့် ရောင်းချရန် လုပ်ဆောင်နေပါတယ်။ ဝက်ဆိုက်ပေါ်မှာ တစ်ခါတည်း တည်းခိုဖို့ရော၊ သွားလာဖို့ပါ အဆင်ပြေစေရန် ရည်ရွယ်ပါတယ်။ နောက်ထပ်အနေနဲ့ ခရီးသွား အတွေ့အကြုံ ဈေးကွက်ဘက်ကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။

ဟု ပြောခဲ့ပါသည်။

ရက်စွဲ။   ။ ၈ ရက် သြဂုတ်လ ၂၀၁၇
ကိုးကား။   ။ e27 |
https://e27.co/myanmar-based-ezstay-helps-domestic-travellers-find-affordable-hotel-stays-easily-20170807