ezStay blog

Ezstay အကြောင်းတစေ့တစောင်း

30 Aug 2017

Ezstay ဆိုတာ ဘာလဲ။ 

ပထမဆုံးအနေနဲ့  Ezstayက ဘာလဲ ဆိုတာကို ပြောပြရမယ်ဆိုရင် Ezstay ဆိုတာ ဟိုတယ်တွေကို ဘိုကင်လုပ်လို့ရတဲ့ ဝန်ဆောင်မှုပါ။ ဒါဆိုရင် Travel & Tour ကုမ္ပဏီတွေနဲ့ ဘာကွာလဲ၊ ဟိုတယ်တွေကို ဖုန်းဆက်ပြီး ဘိုကင်လုပ်တာနဲ့ ဘာကွာလဲ ဆိုပြီး မေးချင်ကြမယ်ဆိုတာကို နားလည်ပါတယ်။ ပထမဦးဆုံး Travel & Tour ကုမ္ပဏီတွေနဲ့ ဘာကွာသလဲ ဆိုတော့ Ezstay က ဖုန်းတွေအပြန်အလှန်ဆက်ပြီး မိတ်ဆွေရဲ့ အချိန်တွေကို အလဟဿ ကုန်ဆုံးစေခြင်းမှ ကင်းဝေးအောင်ဆောင်ရွက်ထားတဲ့ဝန်ဆောင်မှုပါ။ ထိုင်ရာကနေ မထပဲနဲ့ ၂မိနစ်လောက်အတွင်းမှာ မိမိကြိုက်တဲ့ဟိုတယ်မှာ တည်းချင်တဲ့ အခန်းအမျိုးအစားကို ဘိုကင်လုပ်လို့ ရအောင်ပြုလုပ်ပေးထားပါတယ်။ ဘယ်လိုပြုလုပ်ပေးထားတာလဲဆိုတော့ အခု လူတိုင်းအသုံးပြုနေကြတဲ့ အင်တာနက်ကို အသုံးပြုပြီးတော့ ပြုလုပ်ပေးထားတာပါ။ Ezstay ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို လွယ်လွယ်ကူကူနဲ့ အချိန်ကုန်သက်သာစွာ ဘိုကင်ပြုလုပ်လို့ရအောင် ဆောင်ရွက်ပေးနေတဲ့ ဟိုတယ်ဘိုကင် ဝက်ဘ်ဆိုဒ်တစ်ခုပါ။

Facebook ပေါ်မှာ မိတ်ဆွေရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ သတင်းအချက်အလက်တွေကို ရှာဖွေလို့ ရသလို Ezstay ပေါ်မှာလဲ ဟိုတယ်တွေကို ရှာဖွေလို့ ရပါတယ်။

ပြီးတော့ တစ်ခါတည်း ဘိုကင်တင်လို့ ရပါတယ်။ အဲ့ဒီတော့ Travel & Tourကုမ္ပဏီတွေလို ဖုန်း တဂွမ်ဂွမ်ဆက်ရတဲ့ ဒုက္ခတွေမရှိတော့ဘူးပေ့ါ။ ပြီးတော့ စျေးကလည်း ဝက်ဘ်ဆိုဒ် (Website)ပေါ်မှာပြထားတဲ့ အတိုင်းဆိုတော့ စျေးနှုန်းမှန်ကန်မှုမှာ လုံးဝကို စိတ်ချရပါတယ်။ စမတ်ကျကျခရီးသွားချင်တဲ့ မိတ်ဆွေတို့အတွက်တော့ တော်တော်လေးအဆင်ပြေစေမှာပါ။ နောက်ထပ်တစ်ခုက ဟိုတယ်တွေနဲ့ ဘာကွာလဲပေ့ါ။ အဲ့ဒါကလည်း ခုနက ပြောခဲ့သလိုပါပဲ။ ဟိုတယ်တစ်ခုချင်းဆီကို ဖုန်းတွေလိုက်ဆက်ဖို့မလိုတော့သလို ဟိုတယ်အခန်းတွေရဲ့ ပုံတွေ၊ အကျယ်အဝန်းတွေ၊ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကိုလဲ သံသယဖြစ်စရာမလိုတော့ပါဘူး။ အားလုံးကို Ezstay ရဲ့ Website ပေါ်ကနေ ကြည့်ရှုလို့ ရအောင်ဆောင်ရွက်ပေးထားပါတယ်။

စျေးနှုန်းတွေကလဲ ဟိုတယ်ကို တိုက်ရိုက်ဘိုကင်တင်တာနဲ့ အတူတူဖြစ်သလို တစ်ခါတစ်လေမှာ Ezstayက စျေးပိုသက်သာလေ့ရှိပါတယ်။

ပြီးတော့ ဟိုတယ်မှာ တည်းတာအဆင်မပြေတာမျိုးဖြစ်ခဲ့မယ်ဆိုရင်လဲ Ezstayက ဟိုတယ်မြောက်များစွာနဲ့ ချိတ်ဆက်ထားတာဆိုတော့ ပိုမိုအဆင်ပြေအောင် တာဝန်ယူဖြေရှင်းပေးနိုင်ပါတယ်။ ဒါကတော့ Ezstay ရဲ့ အကြမ်းဖျင်းအကြောင်းအရာလေးပေါ့။ အောက်မှာတော့ Ezstay ဘယ်လိုဖြစ်လာတယ်ဆိုတာကို ပြောပြပေးမှာပါ။ 

Ezstay ဘယ်လိုဖြစ်လာတာလဲ။ 

Ezstay ကို အစပြုခဲ့တာတော့ ကိုအောင်ဖြိုးလွင်နဲ့ ကိုလွင်ထူးကို ဆိုတဲ့ လူငယ်နှစ်ယောက်ကနေ စတင်ခဲ့တာပါ။ အစပိုင်းမှာတော့ Ezstay ဆိုတဲ့ နာမည်နဲ့ မဟုတ်ပဲ RarHub ဆိုတဲ့ နာမည်နဲ့ပါ။ ဝန်ဆောင်မှုကလဲ ဟိုတယ်ဘိုကင်အတွက်မဟုတ်ပဲ ရန်ကုန်မှာ တိုက်ခန်းငှားရင် ပိုမိုလွယ်ကူစွာနဲ့  ပွဲစားခပေးစရာမလိုအောင်ဖြစ်ပြီး အတူနေမယ့် အခန်းဖော်ရှာလို့ လွယ်အောင်လို့ပါ။


အဲ့ဒီ RarHub ကို ၂၀၁၆ နိုဝင်ဘာလမှာ စတင်ခဲ့ပြီး ၂၀၁၆ သြဂုတ်လမှာပဲ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၆ စက်တင်ဘာလမှာပဲ Ezstay နာမည်နဲ့ ကုမ္ပဏီအသစ်တစ်ခု စတင်ခဲ့ပြီး ခရီးသွားတွေအတွက် တည်းခိုရေးအဆင်ပြေစေရန်အတွက် ကြံဆဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၇ ဇန်နဝါရီမှာတော့ မြန်မာနိုင်ငံခရီးသွားတွေအတွက် စမတ်ကျကျနဲ့ လွယ်ကူလျင်မြန်စွာ ခရီးတစ်ခုကို ပြင်ဆင်နိုင်ရေးက အင်မတန်မှ အရေးကြီးကြောင်းတွေ့ရှိပြီးတဲ့နောက်မှာ Hotel Booking Websiteကို စတင်ဆောင်ရွက်ခဲ့ပါတော့တယ်။

စတင်ချိန်မှာ ကိုအောင်ဖြိုးလွင်နှင့် ကိုလွင်ထူးကို နှစ်ယောက်တည်း ရှိခဲ့ရာမှ အခုဆိုရင် ရုံးဝန်ထမ်း ၅ယောက်နှင့် ကောင်းမွန်စွာလည်ပတ်နေပါပြီ။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးလို့ ပြောလို့ရတဲ့ ဖန်တီးရာ Acceleratorမှ ငွေကြေးရင်းနှီးမြုပ်နှံ့မှုနှင့် အခြားသော အကူအညီအထောက်အပံ့များကို ရယူခဲ့ပြီး လုပ်ငန်းကို ဝန်ဆောင်မှုကောင်းမွန်စွာနှင့် ပိုမိုတိုးချဲ့နိုင်အောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။ 

Ezstay ကို ဘယ်လိုအသုံးပြုရတာလဲ။ 

Ezstay ကို အသုံးပြုမယ်ဆိုရင် Ezstay ရဲ့ Website ကို ပထမဦးဆုံး ဝင်ရပါမယ်။ အဲ့ဒါက Facebook ကို Mobile Application က အသုံးပြုသလိုမဟုတ်ပဲ Browserကနေ အသုံးပြုသလိုပါ။ အခု ရေးပေးထားတဲ့ လင့်(Link) ကိုနှိပ်လိုက်ရင်လဲ ရပါတယ်။

Ezstay Hotel Booking Website

ဒါမှမဟုတ် (https://ezstay.com.mm) လင့်ကို ဖုန်းထဲမှာရှိတဲ့ Browser မှာ ရိုက်ထည့်လိုက်လို့ရပါတယ်။ ပြီးရင်တော့ ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်သွားမယ့်အချိန်တွေကို ရွေးချယ်ပြီး ရနိုင်တဲ့ ဟိုတယ်တွေ၊ စျေးနှုန်းတွေကို ကြည့်ရှုနိုင်ပါတယ်။ ဟိုတယ် တစ်ခုချင်းစီရဲ့  ဝန်ဆောင်မှုတွေ၊ အခန်းတစ်ခုချင်းစီရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ ပြီးရင်တော့ ကြိုက်တဲ့ ဟိုတယ်ရဲ့ ကြိုက်တဲ့ အခန်းကို ဘိုကင်လုပ်ရုံပါပဲ။ ဘိုကင်လုပ်မယ်ဆိုရင် Ezstay မှာ ငွေပေးချေမှုအရ အခုလက်ရှိမှာ နိုင်ငံတကာ အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa၊ Mastercard၊ မြန်မာနိုင်ငံမှ MPU ကဒ် တို့နဲ့ ပေးချေနိုင်ပါတယ်။ အဲ့ဒီကဒ်တွေ မရှိသူတွေအနေနဲ့လည်း ဘဏ်ကနေတဆင့် ငွေလွှဲပေးလို့ ရပါတယ်။ ခရီးသွားနေရင်းနဲ့ ရောက်ခါနီးမှာ ဟိုတယ်ဘိုကင် လုပ်ချင်တဲ့သူတွေအတွက်လဲ ဟိုတယ်ရောက်မှ ငွေပေးချေလို့ရတဲ့ ဝန်ဆောင်မှုကို ထည့်သွင်းပေးထားပါတယ်။


Ezstayကနေ ဘယ်နေရာတွေမှာ ရှိတဲ့ ဟိုတယ်တွေကို ဘိုကင်တင်လို့ ရနေပြီလဲ။ 

Ezstay တည်ထောင်ပြီး ၇လအကြာမှာပဲ Ezstayက မြန်မာနိုင်ငံရဲ့ အဓိက ခရီးသွားနေရာတွေကို ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အခုလက်ရှိဆိုရင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ မိတ္ထီလာ၊ ကန်ပက်လက်၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ကလော၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ဂေါ်ရင်ဂျီကျွန်းတို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အလုံးပေါင်း ၁၃၀ကျော်ကို လွယ်ကူစွာ ဘိုကင်တင်လို့ ရနေပါပြီ။ 

Ezstay အနေနဲ့ အနာဂတ်မှာ ဘာတွေထပ်ပြီး ဝန်ဆောင်မှုပေးဖို့တွေရှိလဲ။ 

Ezstay ရဲ့ ရည်ရွယ်ချက်က ခရီးသွားတိုင်းလွယ်ကူသက်သာစွာ ခရီးစီစဉ်နိုင်ဖို့၊ ခရီးသွားနိုင်ဖို့နဲ့ ခရီးသွားပြီးရင် ပျော်ရွှင်စရာအမှတ်တရများ ရရှိနိုင်စေဖို့ပါ။ အဲ့ဒီအတွက်လည်း Ezstayမှ အခြားသော ဝန်ဆောင်မှုများကို ထပ်မံထည့်သွင်းထားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ Ezstayနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုရင်ပဲ ဖြစ်ဖြစ်၊ Website အသုံးပြုရတာ အဆင်မပြေ၍ပဲဖြစ်ဖြစ် contact@ezstay.com.mm သို့ email ပို့လို့ ရပါတယ်။ ဒါမှမဟုတ် 09 7878 80484 သို့ ဆက်သွယ်မေးမြန်းလို့လဲ ရပါတယ်။ 

အခုလို စိတ်ဝင်တစားဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။