မေးနေကျ မေးခွန်းများ

သင့်မေးခွန်းများအတွက် အဖြရှိပါသည်။

၁။ Ezstay မှာ ဟိုတယ်ဘိုကင်တင်ရင် အခန်းရတာ သေချာလား။

ဟုတ်ကဲ့။ လုံးဝသေချာပါတယ်။ Ezstay ရဲ့ website ပေါ်မှာ ဘိုကင်တင်လို့ ရနေတဲ့ ဟိုတယ်အခန်းတိုင်းအတွက် Ezstay မှ လုံးဝတာဝန်ခံပါတယ်။ Ezstay နဲ့ ဟိုတယ်တွေက တိုက်ရိုက်ချိတ်ဆက်ထားတာဆိုတော့ အခန်းရရှိမှုအတွက် လုံးဝ အာမခံမှုရှိပါတယ်။

၂။ Ezstay Website မှာ ငွေပေးချေရတာ စိတ်ချရပါ့မလား။

Ezstay ဟာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရှိ ဘဏ်များနှင့်ချိတ်ဆက်ထားတဲ့အတွက် အွန်လိုင်းမှတဆင့် ငွေပေးချေမှုများကို လုံခြုံစိတ်ချစွာဆောင်ရွက်နိုင်ပါတယ်။ ငွေပေးချေမှုတိုင်းအတွက် Ezstay မှ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိပါတယ်။

၃။ ဘိုကင်တင်ချင်တဲ့ ဟိုတယ်မှာ အခန်းမရဘူး။ ဘယ်လိုလုပ်ရမလဲ။

ဟိုတယ်မှာ အဲ့ဒီရက်တွေအတွက် အခန်းမရှိတော့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အခန်းရနိုင်သေးတာမလို့ Ezstay Customer Service ဖုန်းနံပါတ် 09 7878 80484 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

၄။ ဘိုကင်တင်ချင်တဲ့ ဟိုတယ်ကို ရှာလို့ မတွေ့ဘူး။ ဘယ်လိုလုပ်ရမလဲ။

မြန်မာနိုင်ငံမှာ ဟိုတယ်၊ တည်းခိုခန်းပေါင်း ၁၈၀၀ ကျော်ရှိပါတယ်။ Ezstay အနေနဲ့ ဟိုတယ်တိုင်းကို Website ပေါ်မှ ရောင်းချပေးနိုင်ရန် ရည်မှန်းထားသော်လည်း Ezstay စတင်တည်ထောင်ချိန်မှာ မကြာမြင့်သေးသည့်အတွက် ဟိုတယ်၊ တည်းခိုခန်းအားလုံးကို Website ပေါ်သို့ ရောက်ရှိလာအောင် ဆောင်ရွက်နေဆဲ ကာလတွင်သာ ရှိပါသေးတယ်။ တစ်ချို့ ဟိုတယ်များက Website ပေါ်တွင်မရှိသော်လည်း ဘိုကင်တင်၍ ရနိုင်ပါတယ်။ အဲ့ဒါကြောင့် Website ပေါ်မှာရှာမတွေ့လို့ စိတ်မညစ်ပါနဲ့။ Ezstay Customer Service ဖုန်းနံပါတ် 09 7878 80484 သို့သာ ဆက်သွယ်လိုက်ပါ။ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

၅။ ဟိုတယ်ကို ဘိုကင်လုပ်ပြီးမှ မသွားဖြစ်လို့ Cancel လုပ်လို့ရပါသလား။

"Pay at Hotel" နဲ့ ဘိုကင်လုပ်ထားတယ်ဆိုရင် အတတ်နိုင်ဆုံး သေချာစဉ်းစားပြီးမှ ဘိုကင်ပြုလုပ်ဖို့နဲ့ cancel မပြုလုပ်ဖို့ Ezstay မှ အကြံပြုပါတယ်။ အခန်းတွေကို ဘိုကင်လုပ်ပြီး Cancel လုပ်တဲ့အခါမှာ အခန်းတွေမရောင်းရတော့တဲ့အတွက် ဟိုတယ်ဘက်မှာ နစ်နာဆုံးရှုံးမှုတွေ ရှိလို့ပါ။ မဖြစ်မနေ Cancel ပြုလုပ်မည်ဆိုရင်လဲ Ezstay Customer Service ဖုန်းနံပါတ် 09 7878 80484 သို့ အကြောင်းကြားပေးပါရန် လိုအပ်ပါသည်။ Cancellation Policy မှာ ဟိုတယ်များမှ ပြဌာန်းထားသည့်အတိုင်းဖြစ်ပါသည်။

၆။ Ezstay မှာ ဟိုတယ်ဘိုကင်လုပ်တာနဲ့ ဟိုတယ်ကို တိုက်ရိုက်ဘိုကင်လုပ်တာ ဘာကွာခြားပါသလဲ။

စျေးနှုန်းတွေကတော့ အတူတူပါပဲ။ Ezstayက Promotion တွေ ပေးလေ့ရှိတော့ စျေးပိုချိုလေ့ရှိပါတယ်။ Ezstay မှာ ဘိုကင်လုပ်ခြင်းအားဖြင့် ဘယ်ဟိုတယ်တွေက စျေးနှုန်း၊ ဝန်ဆောင်မှုကောင်းလဲဆိုတာကို ကြည့်ရှုပြီး ယုံကြည်စိတ်ချစွာ ဘိုကင်တင်နိုင်ပါတယ်။ အဆင်မပြေမှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ရင်လည်း Ezstay မှ အစွမ်းကုုန် အကောင်းဆုံးဖြစ်အောင်ဖြေရှင်းပေးကြောင်းကို Ezstay မှတဆင့် ဟိုတယ်ဘိုကင်တင်သွားသော ခရီးသွားဧည့်သည်များ၏ စကားသံများကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါသည်။ ခရီးသွားများ၏ စကားသံများကြည့်ရှုရန်: - Customer Reviews

၇။ Ezstay မှာ ဟိုတယ်ဘိုကင်ပဲရတာလား။ ကားလက်မှတ်တို့ လေယာဉ်လက်မှတ်တို့ကော ဖြတ်လို့ရလား။

လက်ရှိအချိန်တွင် အွန်လိုင်း အသုံးပြု၍ Ezstay ကနေ ဟိုတယ်ဘိုကင်ဝန်ဆောင်မှုသာ ရရှိနိုင်ပါသည်။ တခြားဝန်ဆောင်မှုများကိုလဲ အွန်လိုင်းကနေ ရရှိနိုင်အောင် ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်တွင် အခြားဝန်ဆောင်မှုများကို ရယူလိုပါက Ezstay Customer Service 09 7878 80484 သို့ ဆက်သွယ်နိုင်ပါတယ်။

၈။ ခရီးသွားမယ့် နေရာအကြောင်းကိုု ဖတ်ချင်ရင်ကော ဘယ်ကနေကြည့်လိုု့ ရမလဲ။

Ezstay တွင် ခရီးသွားများ အဆင်ပြေချောမွေ့စေရန် သွားရောက်မည့် ဒေသအကြောင်းကို ကြိုတင်ဖတ်ရှုနိုင်ရန်အတွက် Blog ရေးသားထုတ်ဝေထားပါသည်။ Blogသို့ သွားရောက်ဖတ်ရှုရန်အတွက် အောက်ပါလင့်ကနေတဆင့် သွားရောက်နိုင်ပါသည်။ - https://ezstay.com.mm/blog.