Hotel Sein Chuu 21 Dec - 23 Dec

Hotel Sein Chuu

No.(20/3), Lashio Highway Road, Anesatkhan, 36/6 miles, Pyin Oo Lwin.
ဟိုတယ် အကြောင်း

Sein Chuu Hotel လေးဟာဆိုရင် ပြင်ဦးလွင်မြို့ အဝင် မန္တလေး-လားရှိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ ဒီဇိုင်းဆန်းလေးနဲ့ ဆောက်လုပ်ထားတာမလို့ စိတ်ကြည်နူးစေပါတယ်။ အနီးအနားမှာဆို နှီးဘုရား ၊ ဓါတ်တော်ချိုင့်ရေတံခွန်တွေနဲ့ နီးပါတယ်။ ကန်တော်ကြီး တို့ မြို့မဈေးတို့ သွားလည်ချင်ရင် လည်း ၈ မိနစ်လောက် ကားစီးရင်ကို ရောက်နိုင်ပါတယ်။ လည်ပတ်ဖို့ ကား ၊ ဆိုင်ကယ်ငှားချင်ရင်လည်း ဟိုတယ်မှာတင် ငှားလို့ရပါတယ်။ အဝေးပြေးဂိတ်က အစောကြီး ရောက်ရင်လည်း ပူစရာမလိုပါဘူး ။ ဖုန်းကြိုဆက်ထားတာနဲ့ အခမဲ့ ကြိုပေးပါတယ်။ အခန်းအားရင် အားသလို Early Check In ၊ Late Check Out လည်း ဆောင်ရွက်ပေးပါတယ်။ အခန်းတိုင်းမှာ မနက်စာ ၊ TV ၊ Aircon ၊ Minibar ၊ ရေပူရေအေးတွေပါ၀င်ပြီး အခန်းသန့်ရှင်းရေးလည်း နေ့စဉ်ဆောင်ရွက်ပေးပါတယ်။ အနီးအနားမှာလည်း စားသောက်ဆိုင်ကြီးတွေ ၊ ညဈေး ၊ အကင်ဆိုင်တွေနဲ့ နီးတဲ့ အပြင် ဟိုတယ်မှာတင် တရုတ် အစားအစာ ၊ ထိုင်း ၊ မြန်မာ ၊ ယူရို အစားအစာ စိတ်ကြိုက်မှာစားလို့ ရတဲ့ အတွက်ကြောင့် စားရေးသောက်ရေးလည်း ပူစရာမရှိပါဘူး။ Special Dinner ၊ ပါတီပွဲတွေ လုပ်ချင်ရင်လည်း ဟိုတယ်မှာ စီစဉ်ပေးပါသေးတယ်။ ၀န်ထမ်းတွေ ကလည်း ဖော်ရွေပြီး လိုလေသေးမရှိဂရုစိုက်တာကြောင့် ဘာမှကို လိုလေသေးမရှိပါဘူး ။ ပေးရတာနဲ့ ရတဲ့ ၀န်ဆောင်မှုတွေက အလွန်တန်ပြီး လူကြိုက်များနေတဲ့ ဟိုတယ်လေးဖြစ်ပါတယ်။

အချက်အလက်များ
ဝင်ရောက်ချိန် 1 PM
ထွက်ခွာချိန် 12 PM
အိမ်မွေး တိရစ္ဆာန် လက်မခံပါ
ဝန်ဆောင်မှုများ
ဘား
မနက်စာ
ကားပါကင်
အခန်းရောက် ဝန်ဆောင်မှု
အခန်းများ
မြေပုံ
သုံးသပ်ချက်များ
0

There is no review yet.