New Wave 1 22 Sep - 24 Sep

New Wave 1

Lammadaw Road, 7 Quarter, Wetkyiinn Village, Nyaung Oo.
ဟိုတယ် အကြောင်း

New Wave Guesthouse လေးဟာဆိုရင် ပုဂံရဲ့ အချက်အချာကျတဲ့ နေရာ ပုဂံမြို့ဟောင်း အဝင်မှာတည်ရှိပါတယ်။ ထီးလိုမင်းလိုဘုရား ၊ အလိုတော်ပြည့် ဘုရားတွေနဲ့ ၅ မိနစ်ပဲ လမ်းလျှောက်ရင်ကို ရောက်နိုင်ပါတယ်။ ထူးခြားတာက တခြားဟိုတယ်တွေလို ပုဂံလက်ရာဒီဇိုင်း ဆောက်လုပ်ထားတာ မဟုတ်ဘဲ ခေတ်မီဒီဇိုင်းပုံစံလေးဆောက်လုပ်ထားတာကြောင့် တမျိုးလေး ဘိုဆန်သလို ခံစားရစေပါတယ်။ ၀န်ဆောင်မှုတွေကလည်း အခန်းတိုင်းမှာ မနက်စာ ၊ TV ၊ Aircon ၊ Minibar ၊ ရေပူရေအေးတွေပါ၀င်ပြီး Wifi လည်း အခမဲ့သုံးလို့ရပါတယ်။ ပုဂံဘုရားစုံလည်ဖို့ ကား ၊ E-Bike ငှားချင်ရင်လည်း စီစဉ်ပေးပါသေးတယ်။ အနီးအနားမှာဆိုလည်း ဘုရင်မစားသောက်ဆိုင် ၊ Thai Kitchen ၊ ပုဂံက နာမည်ကြီး ငါးကင်ရတဲ့ ဟာမိုနီ စားသောက်ဆိုင်တွေရှိတာမလို့ စားရေးသောက်ရေးအတွက်လည်း ပူစရာမရှိပါဘူး။ ဈေးလည်းသက်သာ ၊ ၀န်ဆောင်မှုတွေကလည်း ဟိုတယ်တွေ အတိုင်းပဲ မလို့ ပုဂံမြို့ဟောင်းမှာ တိတ်တိတ်ဆိတ်ဆိတ် နေချင်သူတွေ အတွက်ကတော့ အသင့်တော်ဆုံး Guesthouse လေးပဲဖြစ်ပါတယ်။

ဝန်ဆောင်မှုများ
မနက်စာ
ကားပါကင်
ကားပါကင် (အနီးနား)
စားသောက်ဆိုင်
အခန်းများ
Standard (Double or Twin)
၂၂၅ စတုရန်းပေ
ဥယျာဥ် ရှုခင်း
အသုံးအဆောင်များ
အဲကွန်း
ရေပူ / ရေအေး
ရေခဲသေတ္တာ
ရေခဲသေတ္တာ
လူဦးရေ
၂ ယောက် အိပ်ယာအပို ရသည်
တစ်ည တည်းခိုခ
မြန်မာနိုင်ငံသား ၃၅,၀၀၀ ကျပ်
နိုင်ငံခြားသား ၄၇,၆၀၀ ကျပ်
အခန်းရွေးပါ
အခန်း
အိပ်ယာ အပို
တည်းခိုမည့် အခန်းများကို ရွေးပါ။
တည်းခိုမည့်သူသည် နိုင်ငံခြားသားဖြစ်ပါက နှိပ်ပါ။ နိုင်ငံခြားသားအတွက် တည်းခိုခ အပြောင်းအလဲ ရှိနိုင်ပါသည်။
မြေပုံ