New Wave Guest House 26 Jul - 28 Jul

New Wave Guest House

Lammadaw Road, 7 Quarter, Wetkyiinn Village, Nyaung Oo.
ဟိုတယ် အကြောင်း

New Wave Guesthouse ဟာဆိုရင် ပုဂံရဲ့ အချက်အချာကျတဲ့ နေရာ ပုဂံမြို့ဟောင်း အဝင်မှာတည်ရှိပါတယ်။ ထီးလိုမင်းလိုဘုရား ၊ အလိုတော်ပြည့် ဘုရားတွေနဲ့ ၅ မိနစ်ပဲ လမ်းလျှောက်ရင်ကို ရောက်နိုင်ပါတယ်။ ထူးခြားတာက တခြားဟိုတယ်တွေလို ပုဂံလက်ရာဒီဇိုင်း ဆောက်လုပ်ထားတာ မဟုတ်ဘဲ ခေတ်မီဒီဇိုင်းပုံစံလေးဆောက်လုပ်ထားတာကြောင့် တမျိုးလေး ဘိုဆန်သလို ခံစားရစေပါတယ်။ ၀န်ဆောင်မှုတွေကလည်း အခန်းတိုင်းမှာ မနက်စာ ၊ TV ၊ Aircon ၊ Minibar ၊ ရေပူရေအေးတွေပါ၀င်ပြီး Wifi လည်း အခမဲ့သုံးလို့ရပါတယ်။ ပုဂံဘုရားစုံလည်ဖို့ ကား ၊ E-Bike ငှားချင်ရင်လည်း စီစဉ်ပေးပါသေးတယ်။ အနီးအနားမှာဆိုလည်း ဘုရင်မစားသောက်ဆိုင် ၊ Thai Kitchen ၊ ပုဂံက နာမည်ကြီး ငါးကင်ရတဲ့ ဟာမိုနီ စားသောက်ဆိုင်တွေရှိတာမလို့ စားရေးသောက်ရေးအတွက်လည်း ပူစရာမရှိပါဘူး။ ဈေးလည်းသက်သာ ၊ ၀န်ဆောင်မှုတွေကလည်း ဟိုတယ်တွေ အတိုင်းပဲမလို့ ပုဂံမြို့ဟောင်းမှာ တိတ်တိတ်ဆိတ်ဆိတ် နေချင်သူတွေ အတွက်ကတော့ အသင့်တော်ဆုံး Guesthouse ပဲဖြစ်ပါတယ်။

အချက်အလက်များ
ဝင်ရောက်ချိန် 12 PM
ထွက်ခွာချိန် 12 PM
အိမ်မွေး တိရစ္ဆာန် လက်မခံပါ
ဝန်ဆောင်မှုများ
မနက်စာ
ကားပါကင်
ကားပါကင် (အနီးနား)
စားသောက်ဆိုင်
အခန်းများ
Standard (Double or Twin)
၂၂၅ စတုရန်းပေ
ဥယျာဥ် ရှုခင်း
အသုံးအဆောင်များ
အဲကွန်း
ရေပူ / ရေအေး
ရေခဲသေတ္တာ
ရေခဲသေတ္တာ
လူဦးရေ
၂ ယောက်
တစ်ည တည်းခိုခ
၃၅,၀၀၀ ကျပ်
အခန်းရွေးပါ
အခန်း
ပယ်ဖျက်မှု ပေါ်လစီ

- Free cancellation.

မြေပုံ
သုံးသပ်ချက်များ
4

Good

Tin Zar

Traveled on 4 Oct 2017

"Bagan Trip"

Guest House ရဲ့တည်နေရာက ပုဂံဘုရားဖူးတွေအတွက် တစ်ကယ်အဆင်ပြေတဲ့နေရာမှာရှိပြီး သွားလာရလွယ်ကူပါတယ်။ ဝန်ထမ်းများရဲ့ဝန်တောင်မှုကတော့ ဧည့်သည်များတဲ့ကာလမှာတောင် အဆင်ပြေအောင်တောင်ရွက်ပေးပါတဲ့အတွက် စိတ်ကျေနပ်ခဲ့ရပါတယ်။အခန်းတွင်းပြင်ဆင်မှုလည်းကောင်းတယ်၊Ebike ကို စီစဉ်ပေးတာမှာ စိတ်ကျေနပ်မှုအရှိဆုံးပါ။ ဧည့်သည်များတဲ့ကာလဖြစ်လို့ထင်ပါတယ် check out လုပ်ရတာ နေ့လည် ၁၂ နာရီ ကနေ ညဘက် ကားမလာခင် ၇နာရီ ခွဲလောက်ထိ ပစ္စည်းတွေ ထားရတာ အဆင်မပြေတာပါပဲ။ ကျန်တာအားလုံးအဆင်ပြေပါတယ်။

Reviewed on 20 Jan 2018