New Wave 2 Guesthouse ဟာဆိုရင် ၇ ရပ်ကွက်၊ ၀က်ကြီးအင်း၊ ပုဂံ-ညောင်ဦး လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ရွှေစည်းခုံဘုရားနဲ့ ထီးလိုမင်းလို ဘုရားကြီးအကြားမှာ တည်ရှိတာမလို့ သွားရေးလာရေးအတွက်ကလည်း အဆင်ပြေစေပါတယ်။ ပစ်တိုင်းထောင် ယွန်းထည်ဆိုင်နဲ့လည်း မျက်နှာချင်းဆိုင်မှာ ရှိတာမလို့ ယွန်းထည်လေ့လာ ချင်သူတွေအတွက်လည်း အေးအေးဆေးဆေး လမ်းလေးလျှောက်သွားပြီးလေ့လာရုံပါပဲ။အနီးအနားမှာလည်း ဘုရင်မ စားသောက်ဆိုင်နဲ့ နီးသလို တခြားစားသောက်ဆိုင်ကြီးတွေလည်း ရှိတာမလို့ စားရေးသောက်ရေးအတွက်ကလည်း ပူစရာမရှိပါဘူး။ ပုဂံမှာ စွယ်တော်လေးဆူ ဖူးချင်တာပဲ ဖြစ်ဖြစ်၊ ပုဂံဘုရားတွေ လည်ပတ်ချင်တာပဲ ဖြစ်ဖြစ် ကား၊ E-Bike၊ ဆိုင်ကယ်ငှားချင်ရင်လည်း စီစဉ်ပေးပါသေးတယ်။ အခန်းတိုင်းမှာလည်း Aircon၊ Wifi၊ ရေပူရေအေးတွေပါ၀င်ပြီး အခန်းသန့်ရှင်းရေးကိုလည်း နေ့စဉ်ဆောင်ရွက်ပေးပါတယ်။ မနက်စာကိုလည်း ပဲပြုတ်ထမင်းကြော် ပူပူလေးနဲ့ ကြက်ဥကြော်၊ ပဲပြုတ်ထမင်းဆီဆမ်းနဲ့ ငါးခြောက်ဖုတ်၊ ကြက်ဥပေါင်မုန့်ကြော်နဲ့ ကော်ဖီ အလှည့်ကျ ကျွေးတာမလို့ မနက်စာအတွက်ကိုလည်းပူစရာမရှိပါဘူး။ ပေးရတာနဲ့ရတဲ့ ၀န်ဆောင်မှုတွေက အလွန်တန်ပြီး တည်းခိုပြီးသူတိုင်းကြိုက်နှစ်သက်တဲ့ Guesthouse လေးပဲဖြစ်ပါတယ်။
- Free cancellation 7 days ahead of arrival date - No refund within 7 days
There is no review yet.
ezstay.com.mm © 2017 by Burma InnoTech Pte Ltd. All Rights Reserved.