WEStay @ Bagan Lotus Hotel ဟာဆိုရင် ပုဂံမြို့ အဝင်နားမှာ တည်ရှိပါတယ်။ တုရင်းတောင်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ဆောက်ထားပြီး ခြံဝင်းကျယ်ကြီးထဲမှာ တည်ရှိတာကြောင့် တိတ်ဆိတ်ငြိမ်သက်ပြီး အညာဒေသရဲ့ရှုခင်းတွေကို သေချာခံစားနိုင်မှာဖြစ်ပါတယ်။ ကားဂိတ်၊ လေဆိပ်တွေကနေလည်း Free အကြိုအပို့ လုပ်ပေးတာကြောင့် သွားရေး လာရေးအတွက်လည်း စိတ်ပူစရာမရှိပါဘူး။ ကား၊ E-Bike၊ စက်ဘီး ငှားချင်ရင်လည်းစီစဉ်ပေးပါသေးတယ်။ စားရေးသောက်ရေးအတွက်ကလည်း ဟိုတယ်မှာတင် မြန်မာ ၊ တရုတ် ၊ ထိုင်း ၊ ယူရို အစားအစာတွေမှာစားလို့ရတာမလို့ အေးဆေးပါပဲ။ ၀န်ထမ်းတွေကလည်း သဘောကောင်းပြီး လိုအပ်တာမှန်သမျှဖြည့်ဆည်းပေးပါတယ်။ အခန်းတိုင်းမှာ TV၊ Aircon၊ Wifi၊ ရေခဲသေတ္တာ၊ ရေပူရေအေး တွေပါ၀င်ရုံသာမက ရေကူးကန်လည်း ရှိတာမလို့ ဘာမှကို လိုလေသေးမရှိပါဘူး။ မနက်စာလည်းဘူဖေးကျွေးပါသေးတယ်။ ပေးရတာနဲ့ရတဲ့ ၀န်ဆောင်မှုတွေက အလွန်တန်ပြီး တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနဲ့ အညာဒေသ အလှကို ခံစားလိုသူတွေ အတွက်ကတော့ အသင့်တော်ဆုံးဟိုတယ်လေးပဲဖြစ်ပါတယ်။
- Free cancellation 7 days ahead of arrival date - No refund within 7 days
There is no review yet.
ezstay.com.mm © 2017 by Burma InnoTech Pte Ltd. All Rights Reserved.