Yadanar Yoma Inn လေးဟာဆိုရင် ၇၈/၇၉ ကြား ၊ မဟာအောင်မြေ မြို့နယ် မှာတည်ရှိပါတယ်။ အနီးအနားမှာဆိုရင် မဟာမြတ်မုနိဘုရားကြီးကို ၅ မိနစ်လောက်ဆိုင်ကယ်နဲ့ သွားရင်ကို ရောက်နိုင်ပါတယ်။ အောင်မင်္ဂလာကားဂိတ်နဲ့ ၁၅ မိနစ်လောက်မောင်းရင် ရောက်နိုင်သလို Diamond Plaza ၊ New Ocean တို့နဲ့လည်းနီးတာမလို့ သွားရေးလာရေး ၊ စားရေးသောက်ရေးအကုန် အဆင်ပြေစေပါတယ်။ လည်ပတ်ဖို့ ကား ၊ ဆိုင်ကယ်ငှားချင်ရင်လည်းစီစဉ်ပေးသလို ကား ၊ လေယာဉ််လက်မှတ်ဖြတ်ချင်ရင်လည်း စီစဉ်ပေးပါတယ်။ အခန်းတိုင်းမှာ TV ၊ Aircon ၊ Wifi ၊ Minibar ၊ ရေပူရေအေးတွေပါ၀င်ပြီး မနက်စာကိုလည်း ဘူဖေးကျွေးတာမလို့ ဘာမှကိုလိုလေသေးမရှိအောင်ပါပဲ။ ၀န်ထမ်းတွေကလည်း သဘောကောင်းပြီး လိုအပ်တာမှန်သမျှဖြည့်စည်းပေးတာမလို့ စိတ်ကျေနပ်စရာကောင်းလှပါတယ်။ ပေးရတာနဲ့ရတဲ့ဝန်ဆောင်မှုတွေက အလွန်တန်ပြီး တည်းခိုပြီးသူတိုင်းကြိုက်နှစ်သက်တဲ့ inn လေးပဲဖြစ်ပါတယ်။
There is no review yet.
ezstay.com.mm © 2017 by Burma InnoTech Pte Ltd. All Rights Reserved.